ချစ်မြတ်နိုးတဲ့ စာပေတွေနဲ့ ဘ၀ကိုအသက်ဆက်ရင်း အမြဲမက်တဲ့ အိပ်မက်လေးကို အကောင်အထည်ဖော်လို့ အနာဂတ်မှာ ရတုတိုင်းကို လှစေမည်။


Tuesday, October 25, 2011

လမ်းဆိုသောလမ်း

ဘ၀အစ လက္ခဏမှာ
အိစက်မွေ့ရာ ကတ္တီပါဝယ်
သင်တတ်ခါစ ခြေလှမ်းကြွတော့
သည်လမ်းဆိုတာ နူးညံ့ရာဟု
စိတ်အာရုံထင် တွေးကာမြင်သည်..။

အရွယ်လေးရ ဖူးသစ်စမယ်
လူရည်မွန်ဖြစ် ဘ၀သစ်သို့
မှန်းကာရည်မျှော် စိတ်ကူးဖော်ရင်း
မိခင်ဖခင် ဆရာရှင်ထံ
ပေးဝေနှီးရင်း သင်ကြားခြင်းရာ
လျှိုအပ်မချန် ပညာမှန်ကို
ဆည်းပူးသက်ဝင် ကြိုးကုပ်သင်၍
ပူပန်ခြင်းမှု မသိပြုလို့
ခက်ခဲ့သည့်လမ်း ဘာကိုမှန်းမျှ
မသိလေရော့ ရှိခဲ့တော့လည်း
သည်လမ်းဆိုတာ ပန်းမာလာလို
မွှေးပျံ့သော်ကော မှတ်ယူစောသည်..။

အမှတ်မထင် ဖြစ်ပျက်ချင်သော်
ခိုနားတပေါင် မြင့်မိုရ်တောင်လည်း
ထိုစဉ်မုချ ပြိုပျက်ကျတော့
ဘယ်တန်းခိုးရှင် ဘယ်သို့ပင်လည်း
စွမ်းအင်မသာ မကူပါလော့
သို့ပင်သော်လည်း သင့်လျှော်နည်းလမ်း
စဉ်းစားကာပင် ငါတွေးမြင်သည်
အမိမဲ့သား ရေနည်းငါးလို
ပမာပုံပြ မဖြစ်ရစေ
ငါတတ်သမျှ အစွမ်းစနဲ့
လောကအပြင် ငါလှမ်းလေပြီ
ငါ့လမ်းငါရွေး မှန်ကန်ရေးမို့
တွေးတောဆင်ခြင် ငါပြင်ဆင်ကာ
မှန်းမျှော်ရန်ခက် အနာဂါတ်သို့
သတိပေါင်းဖက် ငါလှမ်းတက်မည်..။

လမ်းဆိုတာလေ အမြဲပေပဲ
မချောမွေ့နေ ဆူးခက်ဝေသည်
တစ်ရံတစ်ခါ မုန်တိုင်းလာလည်း
ငါလေမမှု ဂရုပြုလို့
သတိသော်ထား တွန်းကန်အားနဲ့
ကြံ့ကြံ့ခံကာ ငါလှမ်းမှာပဲ
ဘ၀ကန္တာ ပြင်ကျယ်မှာလေ
အားအင်သွေးသစ် အိုအေစစ်မို့
ငါလေကျော်ဖြတ် ပျော်မပျက်တမ်း
အပြုံးနှင့်ပင် ရှေ့ဆက်ချင်၏
သို့ပင်ကာဖြင့် အတွေးမြင့်လို့
ငါ၏စိတ်ဝယ် မှတ်ယူနွယ်လာ
သည်လမ်းဆိုတာ စွန့်စားရာဟု
ဘ၀နှင့်ယှဉ် သိမြင်လေပြီ..။
အဘယ်သို့ပင် ဖြစ်နေလျှင်လည်း
အောင်မြင်မှုစစ် ပန်းတိုင်သစ်သို့
အားအင်မလျှော့ ငါလှမ်းတော့မည်
လမ်းဆိုသောလမ်း ဘ၀လမ်း.. ..  ..။

3 comments:

  1. ဖတ်သွားပါတယ်အမ

    ReplyDelete
  2. လမ်း ဆိုတာလှမ်း၇င် ခလုတ်တော့၇ှိမှာပဲ..ငါကတော့ ငါ့လမ်းမှာဘာ၇ှိ၇ှိ..
    ငါေ၇ာက်အောင်လှမ်းမှာပေါ့...ကျေးဇူးသူငယ်ချင်း..လင့်ယူသွားပါမယ်..

    ReplyDelete
  3. လမ်းဆိုတာလေ အမြဲပေပဲ
    မချောမွေ့နေ ဆူးခက်ဝေသည်
    တစ်ရံတစ်ခါ မုန်တိုင်းလာလည်း
    ငါလေမမှု ဂရုပြုလို့
    သတိသော်ထား တွန်းကန်အားနဲ့
    ကြံ့ကြံ့ခံကာ ငါလှမ်းမှာပဲ
    ဘ၀ကန္တာ ပြင်ကျယ်မှာလေ
    အားအင်သွေးသစ် အိုအေစစ်မို့
    ငါလေကျော်ဖြတ် ပျော်မပျက်တမ်း

    ဟုတ်တာပေါ့ညလေးရေ
    ဘ၀ရဲ့လမ်းတွေဟာ အမြဲမချောပါဘူး။

    ReplyDelete