မျှော်ကြည့်လိုက်တော့ ..
ညှို့နေတဲ့ မိုးသားတွေကလွဲရင်
ကျန်တာဘာမှ လွမ်းစရာမကောင်းပါ ..
အချစ်ဆုံး သူငယ်ချင်းနဲ့ ပြန်မတွေ့ရသေးပဲ ..
အချစ်ဆုံး သူငယ်ချင်းနဲ့ ပြန်မတွေ့ရသေးပဲ ..
ငါ မသေချင်သေးဘူးကွယ် ..
ဘ၀မှာ တစ်ကြိမ်လောက်တော့
ဘ၀မှာ တစ်ကြိမ်လောက်တော့
ဘုရင်မဖြစ်ချင်မိတယ် ..
တစ်ရံတစ်ခါတော့
တစ်ရံတစ်ခါတော့
ကိုင်းစိုက်သမားလေးရဲ့ သမီးဖြစ်ချင်ပါရဲ့ ..
ပုံပြင်ထဲက မိုးမခပင် လိုတော့
ပုံပြင်ထဲက မိုးမခပင် လိုတော့
အထီးမကျန်ချင်ဘူး ..
ဒါပေမယ့်လည်းကွယ် အရာရာကတော့
ဒါပေမယ့်လည်းကွယ် အရာရာကတော့
ကံတရားရဲ့ လိုအင်အတိုင်းပဲပေါ့ …

ဇွဲကပင်မြေအကြောင်းရေးထားတဲ့ ကဗျားလေးကတော့..ကျုပ်ရင်ဘတ်ကိုထိတယ်ဗျာ...
ReplyDeleteဒီအကောင့်ကို သိပ်မသုံးဖြစ်ပါဘူး.. အလည်လာချင်ရင်..
ReplyDeletewww.nyalaycho.blogspot.com
ကိုလာလည်နိုင်ပါတယ်ရှင့်။