မေတ္တာသွယ်သွယ်
ကြင်နာနွယ်ခက်
တွယ်ကာကပ်လို့
မေမေ့ရင်မှာ ငြိခဲ့ပြီ..။
အရွယ်ရောက်စ
ပျိုမြစ်လှမို့
အရိပ်အောက်ဝယ်
ပန်းလေးနှယ်သို့
မနွမ်းဖို့ရန်
မေမေပျိုးလို့ ယုယပြီ..။
ပူပြင်းတောက်တောက်
နေရောင်အောက်က
ရွှေကြာပန်းလို
လောကဓံကို
ကြံ့ကြံ့ခံဖို့
မေမေပြလို့ အားပေးပြီ..။
ပညာတန်ဆာ
ဆင်ယင်ကာပေး
သုံးသပ်တွေးဟန်
မှန်ကုန်ရန်ငှာ
သိလိမ္မာဖို့
မေမေတဖန် ပို့ချပြီ..။
အတတ်လည်းကုန်
အရွယ်စုံဝယ်
ချစ်ခြင်းနွယ်ယှက်
ထိမ်းမြှားဖက်လို့
ခွဲခွာသို့လှမ်း
မေမေတမ်းတ ကျန်ခဲ့ပြီ..။
အဘယ်သို့ပင်
ရှိနေလျှင်လည်း
ထာဝစဉ်မြဲ
ပြုံးလျက်ပဲကွယ်
ဆုံးခန်းရယ်ပေါ့
မေမေကတော့ ခွင့်လွှတ်ပြီ..။
မေမေကတော့ ခွင့်လွှတ်ပြီ..။
မေမေ့အတွက် ခံစားသွားပါတယ် ဗျ
ReplyDelete